ကျေက်ကွင်းအရေးတော်ပုံဆိုတာဒါလား..အရိယအဓမ္မဝါဒထောင်နန်းဆံရှင်ဥက္ကဌ၏အောင်ပွဲ..
ကျောက်ကွင်းအရေးတော်ပုံဆိုပြီးအင်တာနက်ပေါ်မှာတော်တော်လေးခေတ်စားနေပါတယ်..
ဗုဒ္ဓဘာသာတွေကလည်းဒီစာအုပ်ကိုဖက်ပြီးတော်တော်တက်ကြွနေကြတယ်..
အထူးသဖြင့်ဒီကျောက်ကွင်းအရေးတော်ပုံကိုဖြန့်တဲ့သူက..
ဒီဆိုဒ်ပိုင်ရှင်. http://suvamnabumi.blogspot.com ကဘုန်းကြီး(အရှင်မုနိန္ဒပန်းထို)
သူနဲ့ကျွန်တော်၂၀၁၂လောက်က.. http://www.mm4everfriends.com/မှာစတင်တွေ့ပြီး..အပြင်းအထန်းဆွေးနွေးမှုကိုပြုမိကြတယ်..အဲ့ဒီဆိုဒ်မှာသူတင်ထားတဲ့အတွက်..ကျွန်တော့သူ
ငယ်ချင်းတစ်ယောက်ကကျွန်တော်ကိုအသိပေးခေါ်ပြောတဲ့အတွက်ကြောင့်ပါ..နောက်ဆုံးသူ့တင်တဲ့
ကျောက်ကွင်းအရေးတော်ပုံပို့ကိုအက်မင်ရဲနိုင်(ဗုဒ္ဓဘာသာဝင်)ရဲ့တောင်းဆိုမှုနဲ့ဘဲဖြတ်ပြီးဆိုဒ်ကနေသူ
ထွက်သွားရတယ်..ကျန်တဲ့ဗုဒ္ဓဘာသာဝင်အက်မင်ကိုသန့်နဲ့တကွအခြားအက်မင်တွေကမကျေမနက်ဖြစ်ပြီးဆက်ဆွေးနွးမှုတွေကိုလုပ်တယ်
ကျွန်တော့်ရဲ့အရေးသားတွေကိုမခံနိုင်တဲ့အတွက်..နောက်ဆုံးဗန်းတယ်..တင်သမျှပို့တွေကိုခွင့်မပြုဘူး
နောက်ဆုံးကျွန်တော့်ကိုတာဝန်ယူထားတဲ့..အက်မင်ရဲနိုင်ကိုတိုင်က..(စန်စုနိုင်)(ကျွန်တော့်အထင်)ဘာ
ကြောင့်လဲဆိုရင်သူကကျွန်တော်ရဲနိုင်ကိုပြောခဲ့သမျှကိုသိနေတဲ့အတွက်သာမက..သူပေါ်လာတဲ့အချိန်မှာရဲနိုင်ဆိုတာမရှိတော့တဲ့အတွက်)အမည်နဲ့ဝင်ဆွေးနွေးပြီး
တခြားအက်မင်ကဗန်းတာဖျက်တာကိုတာဝန်ယူပြီးကျွန်တော့်ကိုဝိုင်းနိုပ်ကွတ်တော့တာဘဲ
ဟသတော့ဟသဘဲ..ပြော်စရာကောင်းတယ်..အခုလည်းဒီမှာ..ပြန်ပြီးကျောက်ကွင်းအေ၇းတော်ပုံမှာခရစ်ယာန်တွေရှုံးသွားတယ်ဆိုပြီးတစခန်းထလာပြန်တယ်..မရေးဘဲထားရင်..အဟုတ်ထင်နေမှာဆိုးလို့..အခုပြန်လည်
ပြီးဆွေးနွေးမှုကိုလုပ်မှာဖြစ်ပါတယ်..
ကျွန်တော်အံ့သြမိတယ်ဗျာ..ဘာကြောင့်များဒီစာအုပ်ကိုဖက်တဲ့လူတွေ..အမှန်လို့ထင်နေကြတာ
လဲလို့..ကိုယ့်ဘာသာကဘာသင်မှန်းမသိလို့လား..အနိုင်လိုချင်စိတ်များနေလို့လား..
ကဲ့ပြိုင်ပွဲကိုစန်းစစ်ကြရအောင်ဗျာ..
စာကိုဖက်တဲ့အခါ..စာမျက်နှာပေါင်း၄၇မျက်နှာရှိတယ်..pdf ဖိုင်နဲ့ပေါ့..
ဆိုတော့..သူတို့ပြောတဲစကားတွေကိုလေ့လာကြရအောင်
စာမျက်နှာ၂၀ကနေ၂၃အထိက..ခရစ်ယာန်ဘက်က..ပြောတဲ့စကာ..အဲ့ဒီမှာရဟန်းတွေကမျက်နှာမကောင်းဖြစ်နေပေမဲ့.ရှင်ဥက္က္ကဋ္ဌကတော့မျက်နှာမပျက်ဘူး..
သူ့အလည့်က..စာမျက်နှာ၂၄ကနေ၂၉အထိ..သူ့စကားတွေကိုအဓိကဖော်ပြထားတယ်..ခရစ်ယာန်ဘက်ကပြောတဲ့စကားတွေထက်များနေတယ်..ထားလိုက်..ရှင်ဥက္ကဌပြောတာကိုအသားပေးဖော်ပြချင်လို့..
နောက်စာမျက်နာ၃၀အဆုံးနားကနေ၄၅အထိသူပြောသွားတဲ့ဟာတွေကိုဘဲအဓိကဖော်ပြထားတယ်..
ခရစ်ယာန်ဘက်ပိုင်းကပြောတဲ့ဟာကိုတော့မှတ်တန်းမတင်ထားတော့ဘူး..
ရွာလုံးကြွတ်ဗုဒ္ဓဘာသာဖြစ်ကုန်တယ်ဆိုတာနဲ့အဆုံးသတ်တယ်..ကဲ့မေးချင်တာအခုအဲဒီရွာမှာခရစ်ယာန်ရှိသေးလားမရှိတော့ဘူးလားဆိုတာ..ပြောနိုင်တဲ့လူရှိလား..ဒီစာကိုဖက်နေတဲ့သူ.
ကဲ့ရှင်ဥက္ကဌခြေပတဲ့အကြောင်းတွေကိုပြန်သုံးသပ်မယ်..
အဲဒီဗုဒ္ဓ ၀င်မှာ ပါတဲ့ အတိုင်း ဗုဒ္ဓကိုယ်တော်တိုင် ဘယ်နေရာမှာ ဘယ်တုန်းက ဟောခဲ့တယ်ဆိုတာကို
အထောက် အထားအခိုင် အလုံနဲ့ပြောနိုင်ပါသလား? အခိုင် အလုံပြနိုင်ပါသလား? အခိုင် အလုံပြနိုင်ရင်
ဦးပဇင်းမှားကြောင်း ဦးသာဒင်ကို ၀န်ချတောင်းပန်ပါ့မယ်။ အမှန်က ဗုဒ္ဓ ၀င်ဆို တာ ဗုဒ္ဓ ၀ံသ အဋ္ဌကထာကို
မြန်မာလိုပြန်ပြီး ရေးထားတဲ့ ကျမ်းပါ? ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင်ဗုဒ္ဓဒတ္ထပါ၊
ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိပညာရှင် သီဟိုဠ်ရဟန်းတော်သာ
ဖြစ်ပါတယ် }။
“နလာဋ ဓာတု ၀င်၊ မဟာဝင်၊ ဒီပ၀င်၊ ဗောဓိ ၀င်၊ ဒါဋ္ဌဓာတု ၀င် -ဆိုတာတွေကိုလည်း သီဟိုဠ်ရဟန်းတော်
အရှင်မဟာနာမ-ဆိုသူက ရေးသားခဲ့တာပါ။ အဲဒီစာတွေနဲ့ တစ်ချို့ အဋ္ဌကထာ၊ ဋီကာတွေကို
တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ ကျည်းသဲလေးထပ်ဆရာတော်က (ဇိနတ္ထပကာသနီကျမ်း)
ကို ရေးသားပြုစုခဲ့တယ်၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတဥဒါနဒီပနီ )တို့ ဆိုတာတွေလည်း
ရှိပါသေးတယ်။ အဲဒီကျမ်းက စကားတွေကို ဦးသာဒင်က ဗုဒ္ဓဘုရားဟောပါ-ဆိုပြီး ဝေဖန်သွားတာကို
တွေ့ရပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်နှင့် စာရေးဆရာတွေရဲ့ အဋ္ဌကထ, ဋီကာ-စတာတွေကို
အတူတူကြီးပဲ ထင်ပြီး ပြောနေကြရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိ မ့်မယ်။ ပိဋကတ်တော်ကို
စေ့စေ့စပ်စပ်သေသေချာချာ မလေ့လာခဲ့ဘူးဆိုတာ ပြရာရောက်ပါလိမ့်မယ်။ ဦးသာဒင်တို့ အင်မတန်
အထင်ကြီးတဲ့ အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင် ပညာရှင်တွေထဲက ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို
စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရားဟောအစစ်၊ ဘယ် ဟာက နောက်
စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနို င်ပြီးတော့ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြတာတွေ အများကြီး
ရှိပါတယ်၊ အဲဒါကို ဦးသာဒင်တို့ အထူးသတိပြုဖို့ ကောင်းပါတယ် ”။
“စိန္တိတံ သတ္တသင်္ချေယံ -အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ , သောတတ္တကီ -ကျမ်းတွေ ထဲမှာပါတာ၊
ပိဋကတ်တွေထဲမှာပါတာ မဟုတ်ပါဘူး။ အောင်ခြင်းရှစ်ပါးတို့ ၀ိပါက်တော် (၁၂)ပါးတို့ ဆိုတာ၊ တာဝတိံ သာ
နတ်ပြည် ကိစ္စဆိုတာ စာရေးဆရာရဲ့လက်ချက်တွေပါ၊ ဘုရားဟောမဟုတ်ပါဘူး။ သစ္စက ပုရဗို ဇ် နှင့် ဗုဒ္ဓဟာ
အနတ္တ ၀ါဒကိစ္စ မေးတာ သစ္စက-အားလုံးကို ၀န်ခံရတယ်။ အနတ္တသာ မှန်ပါတယ်လို့ နောက်ပိုင်း
သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာ၊ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး”။
ကဲ့အထက်ပါအကြောင်းအရာတွေက..ရှင်ဥက္ကဌဆိုသလို..တကယ်ဘဲ..ဗုဒ္ဓဘာသာကျမ်းပြုဆရာတော်တွေရဲ့လိမ်ညာမှုဆိုတာအမှန်ဘဲလို့..ဝန်ခံလား…ခရစ်ယာန်ဘာသာဝင်ဘယ်ပညာရှင်ဆိုသူက..ဗုဒ္ဓဘာသာထဲကိုဝင်ခဲ့တာနာမည်နဲ့တကွသူပြောနိုင်လား..ဒါဆိုရင်ဗုဒ္ဓဝင်ဟာ..အလိမ်အညာကြီးပေါ့..၅၅၀ဇတ်တော်..ဇတ်ကြီး၁၀ဘွဲ့ဆိုတာတွေလဲ..
လုပ်ကြံရေးထားတယ်လို့ဗုဒ္ဓဘာသာဝင်ဒီစာကိုဖက်နေတဲ့သူလက်ခံလား
ရှင်ဥက္ကဌပြောတဲ့..ဗုဒ္ဓဝင်ကိုလုပ်ကြံရေးသူအကြောင်းကိုဒီမှာဖက်ကြည့်ပါ
အချိန်ကာလ ကတော့ သာသနာတော်နှစ် ၉၀၀ ခန့်ကပေါ့။ သီဟိုဠ်ကျွန်းမှာ သာသနာတော် အလွန်ထွန်းလင်းစည်ပင် တောက်ပ လျက်ရှိနေခဲ့ပါတယ်။ နမက္ကာရ ဘုရားရှစ်ခိုး သည်လည်း ဝိသုဒ္ဓိမဂ္ဂ ကျမ်းမြတ်နှင့် ဆက်စပ် နေလို့လည်း ပိုလို့ စိတ်ဝင်စားခဲ့ ရပါတယ်။
ထိုအချိန်က ပိဋကတ်သုံးပုံပါဠိတော်နှင့် အဌကထာများသည် မပျက်မစီး သီဟိုဋ္ဌ် ဘာသာဖြင့် တည်ရှိနေခဲ့ပါတယ်။ ဘုရားပွင့်ရာ မဇ္ဈိမ ဒေသမှာတော့ အပြည့်အစုံတည်ရှိခြင်း မရှိလေတော့ (ပိဋကတ် သုံးပုံပါဠိတော် နှင့် အဋ္ဌကထာ များကို သီဟိုဋ္ဌ်ဘာသာ အက္ခရာအရေးအသားကနေ မာဂဓ ဘာသာ အက္ခရာ အရေးအသားသို့ အဘယ်သူ ပြန်ဆို ကူးယူနိုင်စွမ်း ရှိပါလတ္တံနည်း) ဟု မထေရ် အများစည်းဝေးတိုင်ပင်ကြပါတယ်။
တာဝတိံ သာနတ်ပြည်မှ ဃောသနတ်သားကို မထေရ်များတွေ့ မြင်ကြကုန်သည်ရှိသော်၊ ဤနတ်သားသည် ကား ပိဋကတ်တော်ကို ပြန်ဆိုကူးယူနိုင်စွမ်း ရှိရုံမက ဗုဒ္ဓသာသနာတော်မြတ်ကြီးကိုလည်း အဓွန့်ရှည်စွာ တည်တန့် စေနိုင်မည့်သူ ရယ်လို့ အနာဂတံသ ဉာဏ်ဖြင့်သိတော်မူ တဲ့အတွက်* ဃောသ * နတ်သားကို သိကြားမင်း၊ နတ်မင်းတို့ နှင့်တကွ မထေရ်မြတ်တို့က တောင်းပန်ကြပါတယ်။ မဟာဗောဓိပင်အနီး ဃောသအမည်ရှိသော ပုဏ္ဏားရွာမှာ၊ ကေသမည်သော ပုဏ္ဏားကြီးရဲ့ဇနီး ကေသီမည်သော ပုဏ္ဏေးမကြီးရဲ့ ဝမ်းတိုက်အတွင်း ပဋိသန္ဓေ စွဲမှီ တည်တော်မူပါတယ်။
ဃောသပုဏ္ဏား အဖြစ် မွေးဖွားတဲ့ အားလျော်စွာ မိဘရိုးရာ ဗေဒင်ပညာကို သင်ကြားရာ ၇နှစ်သား အရွယ် ကတည်းက တဖက်ကမ်းခတ် တတ်မြောက်ခဲ့ပါတယ်။ ဗေဒင်မာန် တက်ကြွပြီး အရပ်ရပ် အရွာရွာကိုသွားရောက် လှည့်လည် ဆွေးနွေးလေရာ (ရေဝတ ) အမည်ရှိသော ရဟန္တာ မထေရ် မြတ်တပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။
အရှင်ရေဝတ မထေရ်မြတ်က *ကုသလာဓမ္မာ- ကုသိုလ်တရားတို့သည်ကား အဘယ်သည်တို့မည်နည်း* *အကုသလာ ဓမ္မာ- အကုသိုလ်တရာ တို့ကား အဘယ်သည် တို့နည်း* *အဗျာကတာ ဓမ္မာ- အဗျာကတ တရားတို့ကား အဘယ်သည်တို့နည်း* ဟု ပရမတ္ထဝေဒ မည်တဲ့ ဗုဒ္ဓမန္တန်ကို မေးမြန်းခဲ့ပါတယ်။
ကြားလည်းမကြားဘူး ဖြေကြားနိုင်စွမ်းလည်း မရှိတဲ့အတွက် အဲဒီ ပရမတ္ထ ဗုဒ္ဓမန္တန်ကို သင်ကြားလို စိတ်တွေ ထက်သန်လာခဲ့ပြီး အရှင်ရေဝတ ရဟန္တာ မထေရ်မြတ်ထံပါးမှာ ရှင်ရဟန်းပြုပြီး သင်ကြားခဲ့ရာ တစ်နေ့တစ်နေ့တွင် ပုဒ်ပေါင်း ခြောက်သောင်း နှုတ်တက် သရဇ္ဈာယ် နိုင်တဲ့ အတွက် တစ်လတည်းဖြင့်ပင် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်ခဲ့ ပါတယ်။
တနေ့ကျတော့ ရှင်မဟာ ဗုဒ္ဓဃောသ မထေရ်က *မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကတ်သုံးပုံမှာ ငါ၏ အသိဉာဏ်ပညာက လွန်ကဲလေသလော* လို့ တွေးတောကြံစည်သည်ကို ဥပဇ္ဈယ်ဆရာဖြစ်တော်မူတဲ့ အရှင်ရေဝတ မထေရ်မြတ်က စေတောပရိယ အဘိဉာဉ် နဲ့သိတော်မူခဲ့ပါတယ်။ ငါ့ရှင် ဗုဒ္ဓဃောသ- ပိဋကတ်စာပေ မာန်တက်ကာ မသင့်တော်သည်များကို မကြံစည်လင့် ဝန်လေးလှဘိသည်* စသည်ဖြင့် နှိပ်ကွပ် ဆုံးမတော်မူခဲ့ပါတယ်။
အဲဒီ အခါ အရှင်မဟာ ဗုဒ္ဓဃောသ မထေရ်သည် ထိတ်လန့်ခြင်း သံဝေဂ ဖြစ်ပေါ်လာပြီး ဥပဇ္ဈာယ် ဆရာအား ကန်တော့ဝန်ချတောင်းပန် လိုက်ပါတယ်။ ဥပဇ္ဈာယ်ဆရာကလည်း (ငါ့ရှင်ဗုဒ္ဓဃောသ။ သီဟိုဋ္ဌ်ကျွန်း ကိုသွားပြီး သီဟိုဋ္ဌ်ဘာသာ အက္ခရာ ဖြင့်ရေးသားတင်ထားအပ်တဲ့ ပိဋကတ်သုံးပုံကို မာဂဓဘာသာ အက္ခရာနဲ့ ပြန်ဆို ရေးသားလေလော့။ ယင်းသို့ ရေးသားလေလျှင် ငါသည်းခံအံ့) ဟုမိန့်တော်မူတဲ့ အတွက် ဆောင်ရွက်ပါမယ်လို့ ဝန်ခံ ကတိပြုရပါလေတော့တယ်။
အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ် ကျွန်းကိုမကြွမီ ခမည်းတော်အားမိစ္ဆာဒိဋ္ဌိ အယူမှ လွတ်စေပြီးမှ ဥပဇ္ဈာယ် ဆရာရဲ့ စကားကို ဦးဖြင့်ခံယူပြီး ပိဋကတ်တော် ရေးကူးရန် အတွက် ရွက်သင်္ဘောနဲ့ သီဟိုဠ် ကျွန်းကို ကြွချီတော်မူခဲ့ပါတယ်။
သုံရက်မြောက်တဲ့နေ့၊ သမုဒ္ဒရာအလယ်သို့ရောက်တဲ့အခါမှာ ပိဋကတ်တော် ကူးယူလို့မရလို့ ပြန်ခဲ့ရတဲ့ အရှင်ဗုဒ္ဓဒတ္ထ မထေရ်ရဲ့ရွက် သဘောင်္ နဲ့တွေ့ဆုံပါတယ်။
အရှင်ဗုဒ္ဓဒတ္ထ မထေရ်က *ငါ့ရှင်- ဗုဒ္ဓဃောသ ငါသည် သီဟိုဠ် ကျွန်းတွင် ပိဋကတ်တော် ကူးယူခွင့်ရရန် အလို့ငှာ ဇိနာလင်္ကာရကျမ်းကို ရေးသား ပြုစုပြသခဲ့ပါတယ်။ သီဟိုကျွန်းသား မဟာထေရ်များကငါရေးသား သောကျမ်းကို အနှစ်မဲ့ကျမ်းလို့ မှတ်ထင်ပြီး ငါ့ကို ပိဋကတ်တော်ကူယူခွင့်မပြုခဲ့ကြပါဘူး။ သင်မူကား ပိဋကတ်တော် အဖွင့် သံဝဏ္ဏနာကျမ်း တစ်ခု ပြုစုပြသပြီး ကူးယူခွင့်တောင်းပါ* လို့မှာထားပြောဆိုပြီး သိကြားမင်း ဆက်ကပ် အပ်တဲ့ သျှိသျှားသီးကို လည်း၎င်း၊ သံကညစ်တံကို ၄င်း၊ကညစ်သွေးရန် ကျောက်ကို၎င်း၊ ရှင်မဟာ ဗုဒ္ဓ ဃောသ မထေရ်ကို ပေးအပ်ပါတော့တယ်။
ရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်ဟာ သီဟိုဠ်ကျွန်းကိုရောက် တဲ့အခါ ဦးစီးပထမ သံဃပါလ မထေရ်ကို မူးမြင်ပြီး ပိဋကတ်တော်ကူးယူရန် လာရောက်ကြောင်း လျှာက်ထားသဖြင့် သီဟိုမထေရ်များနဲ့ သံဃပါလ မထေရ်မြတ်က… ဇဋာသုတ်လာ- ဂါထာတစ်ပုဒ်ပေးအပ်ကာ ဂါထာ အနက်ကို ပိဋကတ်တော် တုန်လှုပ်ခြောက်ခြား အောင်ဖွင့်ဆိုပါအုံးလော့ ဟု တိုက်တွန်းပါတယ်။
ဂါထာကို အစဦး ထားပြီး ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးသားပြုစုတော်မူပါတယ်။
သီဟိုဠ် မထေရ်များ အလွန်နှစ်သက်သဘောကျပြီး ပိဋကတ်တော်ပြန်ဆို ကူးယူခွင့်ပေးသော်လည်း ပိဋကတ်တိုက်ကြီး ကိုတော့ဖွင့်မပေးခဲ့ပါဘူး။ သင့်အစွမ်းဖြင့် ဖွင့်၍ ကူးယူလေလော့--- လို့မိန့်ဆိုကြပြန်ပါတယ်။
သည်နေရာမှာ ကျွန်မ ကတော့ တွေးမိပါတယ်။ တက္ကသိုလ် တက်ခွင့်ရဘို့ ကျွန်မတို့ Proposal တင်ရသလို Entrance Exam ဖြေရသလိုနေမှာပဲ ဆိုတာကိုပါ။
အရှင်မြတ်ဟာ သည်အချိန်မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုတဲ့စိတ်ကို အစွမ်းကုန် စွမ်းအားထုတ် ကာ လှိုက်လှဲ ရဲရင့်တဲ့ စေတနာနဲ့ပူဇော်ခဲ့တာကစပြီး နမက္ကာရ ဘုရားရှစ်ခိုး စတင်ပေါ်ပေါက် လာခဲ့တာ ဖြစ်ပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးရဲ့ ဂုဏ်တော် ကျေးဇူးတော်၊ လက္ခဏာတော် တန်ခိုးတော်များနဲ့ တကွ စရိယသုံးပါး၊ စွန့်ခြင်းကြီး ငါးပါး၊ ပါရမီတော် ဆယ်ပါး၊ စသည်တို့ကို (သုဂတံ၊သုဂတံ သေဋ္ဌံ) စသောနမက္ကာရာ ဘုရား ရှစ်ခိုးဂါထာဖြင့် ဖွဲ့နွဲ့ရေးသားစီရင်ပြီးလျှင် ပိဋကတ်တော် တံခါးဝတွင် ထိုင်တော်မူလျှက် နမက္ကာရ ဂါထာပါ အနက် အဓိပ္ပါယ်လာ အတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးအား အာရုံပြုပြီး နမက္ကာရ ဘုရားရှိခိုး ဂါထာပါဠိကိုရွတ်ဆိုရာ……………………
မဟာဗောဓိ ပလ္လင် တော်ဝယ် ထက်ဝယ်ဖွဲ့ခွေနေတော်မူသော မြတ်စွာဘုရားအား မာန်နတ် လာ၍ စစ်ထိုးသောအခါ (ဆယ်ဖြာသော ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သောကြောင့် ဤဗောဓိပင်နှင့်ပလ္လင်ကို ရရှိပေသည်) လို့ ပါရမီတော်နှင့် ညွှန်ကြားမှ မာရ်နတ်ရန် ပျက်ပြားလို့သွားသကဲ့သို့ပင် ထူးခြားလှစွာ ပါရမီ ဂုဏ်တော်ညွှန်း ဂါထာပုဒ်ကို ရွတ်ဆိုမိသည်နှင့် တပြိုင်နက် ပိဋကတ်တ်ာတိုက် တံခါးသည် အလိုလို အလျောက် တဟိန်းဟိန်းမြည်လျက် ဟင်းလင်းပွင့်သွားပြီး ပိဋ ကတ် တော်ကို ကူးယူပြန်ဆိုနိုင် ခဲ့ပါတော့တယ်။
အရှင်မဟာဗုဒ္ဓဃောသ စီရင်တော်မူအပ်တဲ့ နမက္ကာရ ပါဠိကို ရှေးဆရာတော်ကြီးများသည် ပါဠိလျှောက်စာသွား စကားပြေများနဲ့ အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ပါတယ်။ တွံတေးဆရာတော်ဘုရားကြီး၊ စိန္တကျော်သူ ဦးသြတို့ကလည်း အနက်မြန်မာ ပြန်ဆိုခဲ့ကြပါတယ်။
ထို နမက္ကာရသုံးစောင်ကို တစ်အုပ်တည်းစုပေါင်းပြီး ရွှေတောင်မြို့ ကျီးသည်းလေးထပ် ဆရာတော်ဘုရား ကြီးက မြန်မာ စကားပြေလင်္ကာ စကားပြေနှင့် ပကိဏ္ဏက နမက္ကာရ အစိန္တေယျ ဘုရားရှိခိုးစာအုပ်ကို ရေးသားပြုစုထားခဲ့တာ ဖြစ်ပါတယ်။ အများနားလည်စေရန် အတွက် စကားပြေလင်္ကာစာသွားနဲ့ ဘုန်းတော်ကြီးကျောင်းသုံး (၁၀)စောင်တွဲ တွင်ရှိ နမက္ကာရပါဠိတော်မှာ ပြန်ဆိုရေးသားခဲ့တာဖြစ်ပါတယ်။
မှတ်ချက်။ ။ပညာအလင်း စာပေတိုက်မှ ထုတ်ဝေသော (အရှင်မဟာဗုဒ္ဓဃောသ၏ ထေရုပ္ပတ္တိ အကျဉ်းနှင့် ပကိဏ္ဏက နမက္ကာရ ဘုရားရှိခိုး) စာအုပ် ကို ကိုးကားရေးသားအပ်ပါသည်။
http://www.thitsaralin.org/2009/12/blog-post_17.html
ပြီးတော့ပိဋကတ်ဟာ..အလိမ်အညာသမားလို့ဆိုခံရတဲ့..အရှင်ဗုဓ္ဓဃောသရဲ့အရေးသား
တွေးနဲ့လည်းပြည့်နေတယ်ဆိုတာသိရပြန်တယ်..
ပိဋကသုံးပုံအတွက် အဋ္ဌကထာစာရင်း---
ဝိနယပိဋက--
(၁) ၀ိနယ ပိဋကပါဠိ > သမန္တပါသာဒိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) ပါဋိမောက္ခပါဠိ> ကင်္ခါဝိတရဏိအဋ္ဌကထာ (ဗုဒ္ဓဃောသ)
သုတ္တန္တပိဋက---
(၁) ဒီဃနိကာယပါဠိ >သုမင်္ဂလ၀ိလာသိဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) မဇ္ဈိမနိကာယပါဠိ > ပပဉ္စသူဒနီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၃) သံယုတ္တနိကာယပါဠိ > သာရတ္ထပ္ပကာသိနီ (ဗုဒ္ဓဃောသ)
(၄) အင်္ဂုတ္တရနိကာယပါဠိ > မနောရတ္ထပူရဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၅) ခုဒ္ဒကနိကာယ---
(၁) ခုဒ္ဒကပါဌပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) ဓမ္မပဒပါဠိ > ဓမ္မပဒအဋ္ဌကထာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၃) ဥဒါနပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ (ဓမ္မပါလ)
(၄) ဣိတိဝုတ္တကပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ(ဓမ္မပါလ)
(၅) သုတ္တနိပါတ ပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ( ဓမ္မပါလ)
(၆) ၀ိမာန၀တ္ထုပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၇) ပေတ၀တ္ထုပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)
(၈) ထေရဂါထာပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)
(၉) ထေရီဂါထာပါဠိ> ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)
(၁၀) ဇာတကပါဠိ > ဇာတကအဋ္ဌကထ (ဓမ္မပါလ)
(၁၁) နိဒ္ဒေသ ပါဠိ> သဒ္ဓမ္မပဇ္ဇောတိကာ အဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၁၂) ပဋိသမ္ဘီဒါမဂ္ဂပါဠိ > သဒ္ဓမ္မပ္ပကာသိနီအဋ္ဌကထာ (ဥပသေန)
(၁၃) အပါဒါနပါဠိ> ၀ိသုဒ္ဓဇန၀ိလာသိနီ အဋ္ဌကထာ (အမည်မသိ)
(၁၄) ဗုဒ္ဓ၀ံသပါဠိ > မဓုရတ္ထ၀ိလာသိနီအဋ္ဌကထာ (ဗုဒ္ဓဒတ္တ)
(၁၅) စရိယာပိဋကပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)
အဘိဓမ္မာပိဋက---
(၁) ဓမ္မသင်္ဂဏီပါဠိ > အတ္ထသာလိဏီ အဋ္ဌကထာ ( ဗုဒ္ဓဃောသ)
(၂) ၀ိဘင်္ဂပါဠိ > သမ္မေဟ၀ိနောဒနီအဋ္ဌကထာ ( ဗုဒ္ဓဃောသ)
(၃) ကထာဝတ္ထုပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၄) ပုဂ္ဂလပညတ္တိပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၅) ဓာတုကထာပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၆) ယမကပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၇) ပဋ္ဌာနပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)
ကဲ့ပြောပါ..ဗုဒ္ဓဘာသာဝင်တွေရှင်ဥက္ကဌပြောသရလိုဘဲဗုဒ္ဓဝင်ကျမ်းဟာအလိမ်ကျမ်းကြီးလား..အရှင်ဗုဓဃောသကရဟန်းအလိမ်ကြီးလား..ဒါဆိုပိဋကတ်ကျမ်းကကော..သိပါရစေ
ဒီအယူအစကိုယနေ့ထေရဝါဒဘုန်းကြီးများနဲ့ဘာသာဝင်များလက်ခံပါသလား
နောက်အချက်အလက်များကိုနောက်ပို့တစ်ခုဖြစ်ဆက်လက်တင်က..ကျောက်ကွင်းအရေးတော်ပုံတစ်အုပ်လုံးကို
ဆွေးနွေးသွားမည်ဖြစ်သည်

No comments:
Post a Comment
စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ