အင်းအင်္ဂုလိမာလတို့များ..နိဗ္ဗာန်ဝင်သွားတယ်တဲ့..အနာထပိန်သဌေးတွေ..မာဂလုလင်တို့ကြတော့
သကြားနဲ့နတ်တွေဘဲဖြစ်တယ်
ကြည့်ရတာ..ဗုဒ္ဓရဲ့တရားကိုတိုက်ရိုက်နားရတဲ့သူနဲ့..တိုက်ရိုက်မနာရတဲ့သူကွာလို့လား..အဲ့လိုလဲဟုတ်မယ်မထင်ဘူး..ခရစ်ယာန်တရားမှာယေရှုဘုရားကိုယုံကြည့်ပြီး..ပြောတဲ့အတိုင်းလိုက်နာသူတွေကယ်တင်ခြင်းရပြီးငရဲကနေလွတ်မယ်ပြောတာတော့ဟားတယ်..တတ်လဲတတ်နိုင်တဲ့ဗုဒ္ဓဘာသာတွေ..ကိုယ်လုပ်ရင်ကိုယ်ခံရမယ်လဲပြောသေး..ဗုဒ္ဓတရားတော်ကြောင့်အပြစ်မဲ့လူတွေအများကြီးသေခဲ့ရတဲ့ဝဋ်ကလွတ်သွားတယ်..ဒါဆို..ဒါဆိုရင်..ဘုန်းကြီးဝတ်ပြီးတရားထိုင်..မေတ္တာလမ်းစဉ်တွေလိုက်နေမှပဲ..နိဗ္ဗာန်ကကျိန်းသေတော့မယ်..လူဝတ်နဲဆိုရင်တော့နတ်ပြည်ကနေလွတ်မှမဟုတ်ဘူး.....တရားစောင့်သီလကောင်းတဲ့ဘုရင်တစ်ပါးရဲ့အဖြစ်ကတော့
ဗုဒ္ဓက မှားယွင်းသောအတွေးအခေါ်များကြောင့် မြွေဖြစ်ရသော မဟာအာသောက မင်းကြီးအကြောင်းကို ဤသို့ဆိုခဲ့လေသည်။
“မဟာအာသောကမင်းကြီး အသက်ရှင်စဉ်က တရားဘ၀နာ ပွားမွားခြင်း၊ အလှူဒါနပေးခြင်းနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးတို့ကို အစွမ်းကုန်ကြိုးစားကာ အမြဲမပြတ် ကျင့်ကြံအားထုတ်ခဲ့လေသည်။ သူသည် ဗုဒ္ဓ၏ လမ်းစဉ်ကို ရိုးသားစွာဖြင့် နာခံလိုက်လျှောက်၍ ဘာသာ သာသနာတွင် ကထိန်သင်္ကန်းလည်း ကြီးကျယ်ခန်းနားစွာ လှူဒါန်းခဲ့ည်။ တစ်နေ့ ဘုရားကျောင်းသို့ ဖြတ်လမ်းမှ သွားစဉ် ရေကန်၍ ငါးများမြူးတူးနေသည်ကိုတွေ့ရာ “ဤငါးများကိုဖမ်း၍ အချဉ်ပြုကာစားရလေလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း´´ ဟုလက်တွေ့မပါ ၊ မပြုအားဘဲ အတွေးကလေးတစ်ခုပြုမိလိုက်လေသ်ည။ အရွယ်ရလာသောအခါတွင်ကား အာသောကမင်းကြီးသည်လည်း သေလွန်သွားလေ၏။
ကောင်းရာဘုံတံခါးသို့ ရောက်သောအခါတွင် ကောင်းရာဘုံစောင့်က ၀င်ခွင့်မပေးဘဲ သူ၏ အကုသိုလ်အကြွေးအားပေးဆပ်ရန် ပြန်သွားခိုင်းလိုက်သောကြောင့် ဟိမ၀န္တာတောင်ခြေအနီးတွင် စပါးကြီးမြွေအဖြစ်ခံယူရလေသည်။ မြွေသည် ငါးကိုစားခြင်းမှာ သဘာဝဖြစ်သောကြောင့် လှည့်လယ်ကာ ရှာဖွေစားသောက်နေရလေ၏။ ( စိတ်ဖြင့်ပင် ဤသို့ကျခံရက လက်တွေ့ စားနေသောအကျိုးကား အဘယ်သောအခါတွင် တစ်ပါတ်လည်လေဦးမည်နည်း *ဤကားစကားချပ်တည်း)။
မဟာအာသောကမင်း မရှိသည့်နောက် သားတော် အာသောကမင်းသည် နန်းထိုင်လေ၏။ သူသည်လည်း ဥပုဒ်သီတင်းသီလတို့ကို ပြင်းထန်စွာ စောင့်စည်းလိုက်နာကာ ပျံ၍တက်နိုင်လောက်အောင်ပင် အလှူဒါနအစုစုကိုပြုလေသည်။ သူသည်လည်း သေလွန်သည့်နောက် ကေင်းရာဘုံသို့ ရောက်သောအခါ သူ၏ဖခင်အကြောင်းကို မေးမြန်လေသည်။ အဆုံးတွင်ကား သူ့ဖခင်သည် မြွေကြီးဖြစ်၍ သားစိမ်းငါးစိမ်းများကို ရှာဖွေစားသောက်နေရမှန်း သိရှိရလေသည်။
“ခင်များ တွေ့လိုပါက ထိုမြွေကြီး၏ လမ်းကြောင်းအတိုင်းလိုက်သွားပါ´´ ဟုဂိတ်စောင့်ကပြောဆိုလေသောအခါတွင်၊ သူသည် ထပ်ချပ်မကွာ ခြေရာခံ၍ လိုက်ရာ အဆုံးစွန်သော တောနက်ကြီးထဲ၌ အလွန်ကြီးမားသော မြွေကြီးကို တွေ့မြင်ရာ မြွေကလည်း သူ့ကိုတွေ့သဖြင့် တွေ့၍ စားမြိုရန်သာ ဆန္ဒပြင်းထန်သောလေတော့သည်။ ထို့ကြောင့် သားဖြစ်သူက စ၍ ကားဆို၏။
“ကျွန်ုပ်ကား လူ့ဘ၀တုံးက ဖခင်ရဲ့သားပါ´´
“မင့်ဟာ ငါ့သားမှန်ရင် ငါ့ခေါင်းကနေပြီး အမြီးတိုင်အောင် လမ်းလျှောက်လှည့်ပါ၊ မကျပါက သင့်အား ငါ့သားအဖြစ်အသိအမှတ်ပြုပြီး၊ ကျပါက သင့်ကို ငါစားစရာအဖြစ်သာ အသိအမှန်ပြုပေမည်´´
သားဖြစ်သူကလည်း ကောင်းမွန်စွာ လျှောက်ပြလေသည်။ ထို့ကြောင့် မေးခွန်းထုတ်၍ မေးလေသည်မှာကား။
“အဘယ့်ကြောင့် သည်လိုဖြစ်ရတာလည်း အဖေ၊ အဖေသည် လူ့ဘ၀၌ အကျင့်သီလပြည့်စုံခဲ့သည်မဟုတ်ပါလား၊ ထိုဒါန၊ သီလ၊ ကောင်းမှု ကုသိုလ်တို့၏ အကျိုးဆက်ကို မခံစားရတော့ဘူးလား? နောက်ပြီး အဖေ့  အပြစ်တွေအတွက် ဘယ်မျှလောက်သော အတိုင်းအတာကာလအထိ ပေးဆပ်နေရမှာလည်း အဖေ?´´
“ငါ၌ ရှိသော အကြးခွံနှင့်အမျှ ငါသည် သံသရာလည်၍ ၀ဋ်ကြွေးကို ပေးဆပ်ရဦးမယ်သား´´
အထက်ဖေါ်ပြပါဖြစ်စဉ်သည် ဗုဒ္ဓဘာသာ၌၊ သီလတို့က ပေးဆပ်ရန်ရှိသော ၀ဋ်ကြွေးများပင်ဖြစ်သည်။ ထိုကဲ့သို့သော ၀ဋ်ကြွေးအပြစ်တရားခံရန် အပြစ်တရားကို ကျခံရန်မှာ ပင်ပန်းကြီးစွာ လုပ်ဆောင်ရန် မလိုတွေးတောရုံမျပင်ဖြစ်သည်။
တစ်ကြိမ်တစ်ခါတုံးက ဗုဒ္ဓ၏ နောက်လိုက် အရဟံက ကာမမှ အဘယ်သို့ လွတ်၍ အကျွတ်တရားလမ်းသို့ ရောက်နိုင်သနည်း? ဟုမေးရာတွင် ဗုဒ္ဓက အောက်ပါအတိုင်းဖြေခဲ့လေသည်။
“ထမ်းပိုးသည် ရေပေါ်တွင် သုံးနှစ်ပေါလောပေါ်နေပြီး၊ မျက်မမြင် လိပ်တစ်ကောင်ကိုရှာဖွေ ခိုင်း၍ ထိုသုံးနှစ် ပေါလောပေါ်နေသော ထမ်းပိုးကို မျက်မမြင်လိပ်က ရှာတွေ့ပါက သင်သည် အကျွတ်တရားလမ်းသို့ ရောက်ပေမည်´´ ဆိုသော စကားပင်ဖြစ်သည်။
“အပါယ်ငရဲသို့ ပို့စေသော သတ်မှတ်ချက် ဆယ်ခုတွင် တစ်ခုကို သင်ချိုးဖေါက်ပါက သင်သည် ငရဲ၍သာလှမ်းရပေမည်´´ ဆိုသောစကားပင်ဖြစ်သည်။ မြန်မာမူပြုရပါက “တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်´´ ပင်ဖြစ်လေသည်။

No comments:
Post a Comment
စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ